၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေး၏ ဒုတိယ အကြိမ် မျက်နှာစုံညီအစည်းအဝေးသို့ ရှီကျင့်ဖိန်တို့ တက်ရောက်

(GMT+08:00)2024-03-08 15:28:56  

မတ်လ ၈ရက်နေ့ နံနက်၉နာရီက ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေး၏ ဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးကို ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် ပါတီနှင့် နိုင်ငံတော်ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။