တရုတ်ဘဏ္ဍရေးဝန်ကြီးဌာနသည် ဟောင်ကောင်တွင် နိုင်ငံတော် ချေးငွေ ယွမ် ၁၂ ဘီလီယံ ထုတ်ပေးမည်

(GMT+08:00)2024-03-08 14:34:59  

တရုတ်ဘဏ္ဍရေးဝန်ကြီးဌာနသည် ဟောင်ကောင်ငွေကြေးစီမံခန့်ခွဲရေးဌာန၏ ကြွေး မြီကိရိယာ ဖြစ်သည့် ဗဟိုရှင်းလင်းရေးစနစ်မှတစ်ဆင့် တရုတ်ယွမ် နိုင်ငံတော် ချေးငွေများကို ထုတ်ပေးမည် ဖြစ်ကြောင်း၊ စုစုပေါင်းပမာဏ ယွမ် ၁၂ ဘီလီယံဖြစ်ပြီး သက်တမ်း ၄ ခုကို ခွဲထားကြောင်း ဟောင်ကောင်ငွေကြေးစီမံခန့်ခွဲရေးဌာနမှ ယခုလ ၇ ရက်နေ့က ကြေညာခဲ့ သည်ဟု ဆင်းဟွာသတင်းအရသိရပါသည်။

ယခုအကြိမ်ထုတ်ပေးမည့် နိုင်ငံတော် ချေးငွေများသည် ၂၀၂၄ ခုနှစ်တွင် ပထမအကြိမ် တရုတ်ယွမ်ငွေ နိုင်ငံတော် ချေးငွေဖြစ်ပြီး သက်တမ်း ၂ နှစ် စာချုပ် ယွမ် ၃ ဘီလီယံ၊ ၃ နှစ် စာချုပ် ယွမ် ၃ ဘီလီယံ၊ ငါးနှစ် စာချုပ် ယွမ် ၃ ဘီလီယံနှင့် ၁၀ နှစ် စာချုပ် ယွမ် ၃ ဘီလီယံ အသီးသီးခွဲထားကာ  မတ်လ ၁၃ ရက်နေ့တွင် တင်ဒါခေါ်မည်ဟု သိရပါသည်။