တရုတ်နိုင်ငံ၌ ပထမဆုံး ရေနက်ပိုင်း တန်ပေါင်းသန်း၁၀၀အဆင့် ရေနံမြေကို တွေ့ရှိ

(GMT+08:00)2024-03-08 15:32:41  

တရုတ်တောင်ပင်လယ် Zhujiangမြစ် ပင်လယ်ဝင်ပေါက် မြေချိုင့်ဝှမ်း ဒေသ၌ တရုတ်နိုင်ငံ ပထမဆုံး ရေနက်ပိုင်း ရေနံမြေဖြစ်သည့် Kaiping Southရေနံမြေကို တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း၊  ရှာဖွေတွေ့ရှိခဲ့သော ရေနံနှင့် သဘောဝဓာတ်ငွေ့ တည်ရှိမှု ပမာဏသည် ရေနံတန်ချိန်၁၀၂သန်းနှင့် ညီမျှသည်ဟု သိရကြောင်း၊ ယင်းရေနံမြေသည် တရုတ်တောင်ပင်လယ်အရှေ့ပိုင်း ပင်လယ်ရပ်ဝန်း၌ တည်ရှိပြီး Shenzhenမြို့နှင့် ကီလိုမီတာ ၃၀၀ခန် ကွာဝေးကာ ပျမ်းမျှရေအနက် မီတာ၅၀၀ရှိ၍ ရေနံတွင်းအနက်ဆုံးနေရာ ၄၈၃၁မီတာရှိပြီး Light Crude ရေနံကြမ်းဖြစ်ကြောင်း CNOOC Limited ကုမ္ပဏီမှ မတ်လ ၈ရက်နေ့က ကြေညာခဲ့ပါသည်။