တရုတ်နိုင်ငံ၏ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးသည် ကမ္ဘာ့နိုင်ငံများအတွက် အခွင့်အလမ်းများကို ဖန်တီးပေးမည်ဟု NPCကိုယ်စားလှယ် ဆို

(GMT+08:00)2024-03-08 13:54:42  

ယခုလ ၆ရက်နေ့က ဘေကျင်းတွင်ကျင်းပသော တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်နှစ်ပတ်လည် အစည်းအဝေး တက်ရောက်နေသည့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်ကိုယ်စားလှယ်၊ တရုတ်သိပ္ပံနည်းပညာအကယ်ဒမီ ချုံချင့်မြို့ မြစိမ်းရောင်စမတ်နည်းပညာသုတေသနဌာန မိုက်ခရိုနာနို ထုတ်လုပ်ရေးနှင့် စနစ်ပေါင်းစည်းရေး သုတေသနစင်တာ ဌာနမှူး ရှီဟောင့်ဖီးသည် သိပ္ပံပညာက နယ်နိမိတ်မရှိဘဲ လူသားတို့၏ ဘုံကြွယ်ဝမှုဖြစ်သည်ဟု ပြောကြားကြောင်း၊ ကမ္ဘာ့နိုင်ငံများအတွက် တရုတ်နိုင်ငံ၏ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးသည် နည်းပညာဆိုင်ရာ အရင်းအမြစ်သစ်များကို ဖန်တီးပေးပြီး အရည်အသွေး ပိုမို မြင့်မားသော ထုတ်ကုန်များကို ထုတ်လုပ်ပေးကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။