၂၀၂၃ခုနှစ်တွင် တရုတ်ပြည် တစ်ပြည်လုံးရှိ တရားရုံး အဆင့်ဆင့်သည် အမှုပေါင်း ၄၅သန်းကျော် လက်ခံဖြေရှင်း

(GMT+08:00)2024-03-08 21:09:44  

ယခုလ ၈ရက်နေ့က ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် (NPC) ဒုတိယအကြိမ် အစည်းအဝေး၏ ဒုတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပခဲ့ရာ တရုတ် ပြည်သူ့ တရားရုံးချုပ် ဥက္ကဋ္ဌ Zhang Junသည် ပြည်သူ့ တရားရုံးချုပ်၏ လုပ်ငန်း အစီရင်ခံစာကို တင်သွင်းခဲ့ပါသည်။

၄င်းအစီရင်ခံစာတွင် ၂၀၂၃ခုနှစ်၌ တရုတ်ပြည် တစ်ပြည်လုံးရှိ တရားရုံး အဆင့်ဆင့်သည် အမှုပေါင်း ၄၅သန်း ၅သိန်း၇သောင်း၄ထောင်ကို လက်ခံဖြေရှင်းပြီး ယင်းအနက် အမှုပေါင်း ၄၅သန်း၂သိန်း၆သောင်း၈ထောင်ကို အပြီးသတ်နိုင်ခဲ့ကြောင်း၊ လက်ခံဖြေရှင်းခဲ့သည့် အမှု အရေအတွက်နှင့် အပြီးသတ်နိုင်ခဲ့သည့် အမှု အရေအတွက်မှာ ၂၀၂၂ခုနှစ်ကထက် ၁၅.၆ရာခိုင်နှုန်းနှင့် ၁၃.၄ရာခိုင်နှုန်း အသီးသီး တိုးလာကြောင်း ဖော်ပြပါသည်။