ရုရှားဖက်ဒရယ်လုံခြုံရေးဌာနသည် အကြမ်းဖက်တိုက်ခိုက်ရန် ကြိုးပမ်းမှုကို ဟန့်တား

(GMT+08:00)2024-03-08 14:19:07  

မတ်လ ၇ ရက်နေ့တွင် ရုရှားနိုင်ငံ Kaluga ဒေသတွင် ရုရှားဖက်ဒရယ်လုံခြုံရေးဌာန (FSB) မှ အရာရှိများသည် နိုင်ငံတကာ အကြမ်းဖက်အဖွဲ့ Wilayat Khorasan ၏ လှုပ်ရှားမှုကို တိုက်ဖျက်ရန် ပါဝင်ခဲ့ကြပါသည်။ ယင်းအကြမ်းဖက်အဖွဲ့သည် မော်စကိုမြို့ရှိ ဂျူးဘာသာဘုရားကျောင်း တစ်ခုတွင် အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ရန် စီစဉ်ထားပါသည်။ Kaluga ဒေသတွင် အကြမ်းဖက်သမားများကို ချေမှုန်းသုတ်သင်ခဲ့ပြီဖြစ်ကြောင်း ရုရှားဖက်ဒရယ်လုံခြုံရေးဌာနက ပြောကြားခဲ့ပါသည်။