မတ်လ ၈ရက်နေ့ နံနက်ပိုင်းတွင် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် (NPC) ဒုတိယအကြိမ် အစည်းအဝေး၏ ဒုတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၏ လုပ်ငန်းအစီရင်ခံစာ၊ ပြည်သူ့တရားရုံးချုပ်၏ လုပ်ငန်းအစီရင်ခံစာနှင့် ပြည်သူ့ရှေ့နေချုပ်ရုံး ၏ လုပ်ငန်းအစီရင်ခံစာများကို နာကြားပြီး စိစစ်ခဲ့ပါသည်။
ရှီကျင့်ဖိန်၊ လီချန်၊ Wang Huning၊ Cai Qi၊ Ding Xuexiang၊ Li Xi နှင့် Han Zheng စသည့်တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော်ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။
မတ်လ ၈ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပါသည်။ အစည်းအဝေး သဘာပတိအဖွဲ့သည် အမျိုးသမီးကိုယ်စားလှယ်များ၊ အမျိုးသမီး ကော်မတီဝင်များနှင့် အမျိုးသမီးဝန်ထမ်းများ၊ တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားပေါင်းစုံ၊ လုပ်ငန်းပေါင်းစုံမှ အမျိုးသမီးများ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ အမျိုးသမီးများအား ဆုမွန်ကောင်းတောင်းပြီး နှုတ်ခွန်းဆက်သလိုက်ပါသည်။









