ပါလက်စတိုင်းအမျိုးသမီးများ-ဂါဇာကမ်းမြှောင်တွင် အမျိုးသမီးများနေ့မရှိပါ

(GMT+08:00)2024-03-08 13:59:48  

မတ်လ ၈ ရက်နေ့သည် နိုင်ငံတကာအမျိုးသမီးများနေ့ဖြစ်ပါသည်။ ကုလသမဂ္ဂ အမျိုးသမီး ရေးရာ အေဂျင်စီက ယခုလ ၁ ရက်နေ့တွင် ထုတ်ပြန်သော စာရင်းဇယားများအရ ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခများအတွင်း သေဆုံးခဲ့သည့် ပါလက်စတိုင်းနိုင်ငံသား ၃ သောင်း ကျော်တွင် ၉ ထောင် ခန့်မှာ အမျိုးသမီးများဖြစ်ကြောင်း သိရပါသည်။ ကုလသမဂ္ဂ အမျိုးသမီး ရေးရာ အေဂျင်စီက ယခုအကြိမ်ပဋိပက္ခကြောင့် မကြုံစဖူး အမျိုးသမီးများ သတ်ဖြတ်ခြင်းခံခဲ့ရပြီး ဒဏ်ရာရစေ ကာ ဂါဇာစစ်ပွဲသည် အမျိုးသမီးများအပေါ် စစ်ပွဲတစ်ခုလည်းဖြစ်ကြောင်း ပြောကြားပါသည်။