ကမ္ဘာအား ရှင်းလင်းပြတ်သားသော အချက်တစ်ချက်ကို ပြလိုက်သည့် သတင်းစာ ရှင်းလင်းပွဲ

(GMT+08:00)2024-03-08 15:20:23  

မတ်လ ၇ ရက်နေ့က ကျင်းပခဲ့သည့် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက်(NPC)နှင့် တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ (CPPCC) နှစ်ပတ်လည် အစည်းအဝေး၏ နိုင်ငံခြားရေး ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင်  တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် နိုင်ငံကြီးများ ဆက်ဆံမှု၊ ဒေသတွင်း ဟော့စပေါ့ ပြဿနာများ၊ ကမ္ဘာ့ စီမံခန့်ခွဲမှု စသည့် ခေါင်းစဉ်များနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ သတင်းထောက်များမှ မေးမြန်းချက် ၂၁ခုကို ဖြေဆိုပြီး တရုတ် နိုင်ငံ၏ သဘောထား  ရပ်တည်ချက်နှင့် တရုတ် နိုင်ငံ၏ တာဝန်ယူတတ်သော သဘောထားကို အခြားနိုင်ငံများအား ပိုမိုကောင်းမွန်စွာ သိရှိနားလည်စေပါသည်။ ယင်းအမေးအဖြေများ မှတစ်ဆင့် တရုတ် နိုင်ငံသည် ရှင်းလင်းပြတ်သားသော အချက်တစ်ချက်ကို ပြသလိုက်ပါသည်။ ယင်းအချက်မှာ တရုတ် နိုင်ငံသည် မိမိ၏ တည်ငြိမ်မှုဖြင့် ကမ္ဘာ အတွက် ပိုမိုများပြားသော သေချာမှုကို ဖော်ဆောင်ပေးနေခြင်းပင် ဖြစ်ပါသည်။

ဝန်ကြီး ဝမ်ယိက တရုတ်နိုင်ငံသည် ကမ္ဘာကြီးအတွက် ငြိမ်းချမ်းမှုအင်အား၊ တည်ငြိမ်မှုအင်အားနှင့် တိုးတက်မှုအင်အား အဖြစ် တစိုက်မတ်မတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယင်းသည် တရုတ် နိုင်ငံခြားရေး၏ ကြေညာချက် ဖြစ်ပါသည်။ ပထမ အချက်က ငြိမ်းချမ်းရေးသည် ထိပ်ဆုံးနေရာတွင် ထားသင့်သည့် ကိစ္စဖြစ်ပါသည်။ ဒုတိယ အချက် ကတော့ ငြိမ်းချမ်းရေးသည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံ အုတ်မြစ် ဖြစ်ပါသည်။ တတိယ အချက်က ဖွံ့ဖြိုးတိုးတက်ရေးသည် ပြဿနာ မှန်သမျှကို ဖြေရှင်းရေး အတွက် အကောင်းဆုံး နည်းလမ်းပင် ဖြစ်ပါသည်။ ကမ္ဘာ အတွက် တရုတ် နိုင်ငံက တည်ငြိမ်မှု ဆောင်ကြဉ်းလာခြင်းနှင့် ပတ်သက်၍ အဆိုပါ ကဏ္ဍ၃ခုကနေ နားလည်သဘောပေါက်သင့်ပါသည်။ 

ကမ္ဘာကို ပိုမိုကောင်းမွန်လာစေခြင်းသည် တရုတ် နိုင်ငံ၏ လိုအင်ဆန္ဒဖြစ်ပြီး ၄င်းရည်မှန်းချက်ကို အကောင်အထည် ဖော်ဆောင်ရန် တရုတ် နိုင်ငံ အနေနှင့် တာဝန် ယူတတ်ပါသည်။ ကမ္ဘာသည် မတည်မငြိမ်ဖြစ်မှုနှင့် ပြောင်းလဲမှု အချိန်ကာလသစ်သို့ ဝင်ရောက်ခဲ့ပြီ ဖြစ်ပါသည်။ နိုင်ငံ အသီးသီးတို့သည် လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး၏ အရေးကြီးပုံကို ပိုပြီး သိရှိနားလည်ပြီး ကမ္ဘာ အတွက် တရုတ် နိုင်ငံ၏ တည်ငြိမ်စေရေး အခန်းကဏ္ဍ မရှိမဖြစ် ဖြစ်ခြင်းကိုလည်း သိမြင်လာပါသည်။ ယခုနှစ် နွေဦးရာသီတွင် တရုတ် အစည်းအဝေး ၂ရပ်မှ အချက်ပြလိုက်ခြင်းသည် ကမ္ဘာ အတွက် နွေးထွေးမှု ဆောင်ကြဉ်းလာပြီး ကမ္ဘာကို တည်ငြိမ်ကောင်းမွန်လာစေရန် တွန်းအားပေး နေပါသည်။