၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံ တစ်ပြည်လုံးရှိ ရှေ့နေရုံးများသည် အမျိုးမျိုးသော အမှုပေါင်း ၄၂.၅၃ သိန်း ကို ကိုင်တွယ်ခဲ့

(GMT+08:00)2024-03-08 14:18:16  

မတ်လ ၈ရက်နေ့တွင် ၁၄ ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယ အကြိမ် အစည်းအဝေး၏ ဒုတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ဘေကျင်းပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပရာတွင် တရုတ် ပြည်သူ့ ရှေ့နေချုပ်ရုံးမှ ရှေ့နေချုပ် ယင့်ယုံသည် ပြည်သူ့ ရှေ့နေချုပ်ရုံး၏ လုပ်ငန်းအစီရင်ခံစာကို တင်ပြပါသည်။

ယင်းအစီရင်ခံစာအရ ၂၀၂၃ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ ရှေ့နေရုံးများသည် အမျိုးမျိုးသော အမှုပေါင်း ၄၂.၅၃ သိန်း ကို ကိုင်တွယ်ခဲ့ပြီး ၂၀၂၂ခုနှစ်ကထက် ၂၈.၉ ရာခိုင်နှုန်းတိုးလာခဲ့ ကြောင်း သိရပါသည်။