စက်မှုနှင့် ဆက်သွယ်ရေး ဝန်ကြီးသည် တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းအကြောင်းနှင့် ပတ်သက်ပြီး သတင်းထောက်၏မေးမြန်းချက်ကို ဖြေကြား

(GMT+08:00)2024-03-08 14:20:04  

မတ်လ (၈) ရက်နေ့ နံနက်ပိုင်းတွင် ၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့ကွန်ဂရက် ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယအကြိမ်အစည်းအဝေး၏ ဒုတိယအကြိမ် ဝန်ကြီးများတွေ့ဆုံမေးမြန်းမှုကို ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပခဲ့ပါသည်။ စက်မှုနှင့်  ဆက်သွယ်ရေး ဝန်ကြီး Jin Zhuanglong သည် သတင်းထောက်၏ မေးမြန်းချက်များကို ဖြေကြားခဲ့ပါသည်။

CMG မှသတင်းထောက်တစ်ဦး၏ မေးခွန်းကို ဖြေကြားရာတွင် Jin Zhuanglong က တရုတ်နိုင်ငံသည် ယခုအခါ ကုလသမဂ္ဂ၏ စက်မှုလုပ်ငန်းနယ်ပယ် အမျိုးအစားခွဲခြားရေးတွင် ပါရှိသော စက်မှုလုပ်ငန်းအမျိုးအစားအားလုံး ရှိပြီး ၎င်းတို့သည် အဓိက အမျိုးအစား ၄၁ ခုနှင့် အမျိုးအစားခွဲ ၆၆၀ ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စုစုပေါင်းစက်မှုလုပ်ငန်း ပေါင်းထည့်တန်ဖိုးသည် ယွမ် ၄၀ ထရီလျံခန့် ရှိပြီး နိုင်ငံ့GDP ၏ ၃၁.၇% ရှိကြောင်း၊ တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းသည် ကမ္ဘာ့စုစုပေါင်း၏ ၃၀% ကျော်ရှိပြီး ၁၄ နှစ်ဆက်တိုက် ကမ္ဘာ့ပထမဆုံးနေရာတွင်တည်ရှိကြောင်း ပြောကြားပါသည်။