ပါလက်စတိုင်း-အစ္စရေးအချင်းပွားမှု ဖြစ်ပွားပြီးနောက် ကန်သည် အစ္စရေးသို့ လက်နက် ရောင်းချမှု ၁၀၀ကျော် လျှို့ဝှက်စွာ အတည်ပြုခဲ့

(GMT+08:00)2024-03-08 15:19:08  

  အမေရိကန်လက်ရှိအရာရှိများနှင့်အရာရှိဟောင်းများက ၂၀၂၃ခုနှစ်အောက်တိုဘာလ က  ပါလက်စတိုင်း-အစ္စရေးအချင်းပွားမှု အသစ်တစ်ကြိမ်ဖြစ်ပွားပြီးနောက် အမေရိကန် အစိုးရသည် နည်းလမ်းများ ရှာကြံပြီး အမေရိကန်လွှတ်တော်ကို ကျော်ဖြတ်ကာ “နိုင်ငံခြားသို့လက်နက်ရောင်းချမှု”လမ်းကြောင်းမှတစ်ဆင့် အစ္စရေးနိုင်ငံသို့ လက်နက် ရောင်းချမှု ၁၀၀ကျော်ကို အတည်ပြုခဲ့သော်လည်း ယခုအထိ ၂ခုသာ လူသိရှင်ကြား ကြေညာထားခြင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပါသည်။
    အမည်မဖော်ပြချင်သော အမေရိကန်အရာရှိများနှင့် လွှတ်တော်အမတ်များက အဆိုပါ လက်နက်ရောင်းချမှုတစ်ခုစီမှာ အမေရိကန်အစိုးရမှ အမေရိကန်လွှတ်တော်သို့ သီးခြားအကြောင်းကြားရန် လိုအပ်သောပမာဏ မရောက်ရှိသဖြင့် အတိအလင်း ဆွေးနွေးမှု မရှိဘဲ “တိတ်တဆိတ်” အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ယခင်က ကြေညာထားသည့် လက်နက်ရောင်းချမှုနှစ်ခုမှာ အမေရိကန်ဒေါ်လာ ၁၀၆သန်း တန်ဖိုးရှိ တင့်ကားခဲယမ်း မီးကျောက်နှင့် အမေရိကန်ဒေါ်လာ ၁၄၇.၅သန်း တန်ဖိုးရှိ ၁၅၅မီလီမီတာ အမြောက်ဆန် ထုတ်လုပ်ရန် လိုအပ်သည့် အစိတ်အပိုင်း ပစ္စည်း ဖြစ်ခဲ့ကြကြောင်း၊ အမေရိကန်နိုင်ငံသမ္မတ ဂျိုး ဘိုင်ဒန် သည် အမေရိကန်လွှတ်တော်ကို ကျော်ဖြတ်ရန် အထူးအာဏာကျင့်သုံးပြီး အတည်ပြုသဖြင့် လူသိရှင်ကြားဖြစ်လာကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်ဟု သတင်း ရရှိပါသည်။