တရုတ်ပြန်ကြားရေးဝန်ကြီးဌာနနှင့် တရုတ်အမျိုးသမီးများအဖွဲ့ချုပ်တို့မှ ၂၀၂၄ ခုနှစ် "အကောင်းဆုံး စွမ်းဆောင်ခဲ့ကြသည့် အမျိုးသမီးများ" ၏ ထူးချွန်သောလုပ်ရပ်များကို ထုတ်ပြန်

(GMT+08:00)2024-03-08 13:55:40  

နိုင်ငံတကာအမျိုးသမီးများနေ့ကျရောက်သည့်အခါသမယတွင် တရုတ်ပြန်ကြားရေးဝန်ကြီးဌာနနှင့် တရုတ်အမျိုးသမီးများအဖွဲ့ချုပ်တို့က ၂၀၂၄ ခုနှစ်"အကောင်းဆုံး စွမ်းဆောင်ခဲ့ကြသည့် အမျိုးသမီးများ" ၏ ထူးချွန်သောလုပ်ရပ်များကို ထုတ်ပြန်ခဲ့သည်။

ဟွမ်ဟွေ့လင်၊ကျန်းရွန်ဟွာ၊ကိုရှောင်ပင်းစသည့်အမျိုးသမီး ၁၀ ဦးတို့သည် ၂၀၂၄ ခုနှစ်"အကောင်းဆုံး စွမ်းဆောင်ခဲ့ကြသည့် အမျိုးသမီးများ" အဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ရွေးချယ်ခံခဲ့ရသည်။ သူတို့ထဲက တစ်ချို့ဟာ ကျေးလက် ဒေသ ပြန်လည် ရှင်သန်ရေးအတွက် ကြိုးစား လုပ်ဆောင်နေတယ် ၊ တစ်ချို့က သိပ္ပံနည်းပညာ ဆိုင်ရာ ဆန်းသစ်တီထွင်မှု၏ရှေ့တန်းမှာ ရဲရင့်စွာ ချီတက်နေသူဖြစ်တယ် ၊တစ်ချို့က အသက်အရွယ်ကြီးရင့်ချိန်တွင် ဆရာမအလုပ်လုပ်နေဆဲဖြစ်တယ်၊ တစ်ချို့က မြန်နှုန်းမြင့် ရထားလမ်း လုံခြုံထိရောက်စွာ လည်ပတ်နိုင်မှုအတွက် ထိန်းသိမ်းကာကွယ်ပေးတယ်...... သူတို့သည် ခေတ်သစ်ကို လုပ်ရပ်များဖြင့် တည်ဆောက်ပြီး ပိုမိုကောင်းမွန်သော ဘဝကို ဖန်တီးကာ ခရီးသစ်တွင် ခေတ်ကာလနှင့် ထိုက်တန်သော အခန်းကို ရေးသားခဲ့ကြသည်။