တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးအင်အား၊ တည်ငြိမ်ရေးအင်အားနှင့် တိုးတက်ရေးအင်အား အဖြစ် ပြတ်ပြတ်သားသား ဆောင်ရွက်မည်ဟု ဝမ်ယိဆို

(GMT+08:00)2024-03-07 15:48:44  

မတ်လ ၇ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် ၁၄ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် (NPC) ဒုတိယအကြိမ် အစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲ၌ “တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံခြား ဆက်ဆံရေး”ဆိုင်ရာပြဿနာများနှင့်ပတ်သက်၍ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ဗဟိုကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ပြောင်းလဲမှု နှင့် ရှုပ်ထွေးမှုများနေသော နိုင်ငံတကာပတ်ဝန်းကျင်နှင့် ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံသည် ကမ္ဘာ၏ ငြိမ်းချမ်းရေးအင်အား၊ တည်ငြိမ်ရေးအင်အား နှင့် တိုးတက်ရေးအင်အား အဖြစ် ပြတ်ပြတ်သားသား ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် သမိုင်းတွင် မှန်သည့် ဘက်မှ ပြတ်သားစွာ ရပ်တည်မည်ဖြစ်ပြီး လူသားယဉ်ကျေးမှု တိုးတက်ရေး၊ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးကို ပြတ်သားစွာ ထိန်းသိမ်းကာကွယ်ရေးတွင် ကိုယ့်ဖွံ့ဖြိုးမှုကို ရှာကြံမည်ဖြစ်ပြီး ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးကို ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းရန် ကိုယ့်ဖွံ့ဖြိုးမှုကို အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။