လူသားကံကြမ္မာတူ အသိုက်အဝန်းတည်းဆောက်ခြင်းသည် တရုတ်ပြည်၏ အဆိုပြုချက်ကနေ နိုင်ငံတကာအသိုင်းအဝိုင်း၏ သဘောတူညီမှုဖြစ်လာသည်ဟု ဝမ်ယိဆို

(GMT+08:00)2024-03-07 15:28:04  

မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက ကျင်းပသော ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ဒုတိယကြိမ်အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက လူသားကံကြမ္မာတူ အသိုက်အဝန်းတည်းဆောက်ခြင်းသည် စိတ်ကူးတစ်ခုမှ သိပ္ပံနည်းကျစနစ်တစ်ခုအထိဖြစ်လာခြင်း၊ တရုတ်ပြည်၏ အဆိုပြုချက်တစ်ခုမှ နိုင်ငံတကာ အသိုင်းအဝိုင်းတို့၏ သဘောတူညီမှုတစ်ခုအထိဖြစ်လာခြင်း၊ အမြင်ဆန္ဒတစ်ခုမှ လက်တွေ့ ရလဒ်များအထိ ဖြစ်လာခြင်းကြောင့် အားကောင်းသော အသက်ဝင်တက်ကြွမှုကို ပြသထားကြောင်း၊ နှစ်ဖက်အကြားမှနေ ဘက်ပေါင်းစုံအထိ၊ ဒေသတွင်းမှနေ နိုင်ငံတကာအသိုင်းအဝိုင်းအထိ၊ ကျန်းမာရေး၊ ကွန်ရက်များနှင့် ပင်လယ်သမုဒ္ဒရာနယ်ပယ်များတွင် တရုတ်နိုင်ငံသည် နိုင်ငံနှင့် ဒေသဆယ်ချီနှင့်  လူသား ကံကြမ္မတူ အသိုက်အဝန်း ပုံစံအမျိုးမျိုးကို တည်ဆောက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။