“Belt and Road” အရည်အသွေးမြင့်မားစွာ ပူးတွဲ တည်ဆောက်ရေးနှင့်ပတ်သက်ပြီး ဝမ်ယိ ၏ ပြောဆိုချက်

(GMT+08:00)2024-03-07 16:42:03  

၁၄ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) ဒုတိယအကြိမ် အစည်းအဝေး၏ နိုင်ငံခြားရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို မတ်လ ၇ရက်နေ့ နံနက်ပိုင်း တွင် ကျင်းပခဲ့ပါသည်။ သတင်းစာရှင်းလင်းပွဲတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဝမ်ယိသည် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒများ၊ နိုင်ငံခြားဆက်ဆံရေးနှင့်ပတ်သက်သော ပြည်တွင်းပြည်ပ သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားခဲ့ပါသည်။

ဝမ်ယိ က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ “Belt and Road”အဆိုပြုချက်ကို တင်ပြ ခဲ့သည့် ၁၀နှစ်ကျော်အတွင်း “Belt and Road”ပူးတွဲတည်ရောက်မှုတွင် အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း၊ ယခု ကမ္ဘာပေါ်တွင် လူကြိုက်နှစ်သက်မှု အခံရဆုံးသော နိုင်ငံတကာ အများပြည်သူသုံး ကုန်ပစ္စည်းနှင့် အတိုင်းအတာ အကြီးမားဆုံးသော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်း ဖြစ်လာသကဲ့သို့ “Belt and Road”ပူးတွဲ တည်ဆောက်သော နိုင်ငံများအကြား လက်တွဲဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်း၊ အခွင့်အလမ်း လမ်းကြောင်းနှင့် စည်ပင်ဝပြောရေး လမ်းကြောင်းလည်း ဖြစ်လာကြောင်း၊ တတိယအကြိမ်မြောက် “Belt and Road”နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေး ထိပ်သီးဖိုရမ်တွင် သမ္မတ ရှီကျင့်ဖိန်က လာမည့်အဆင့်ကာလ၌ တရုတ် နိုင်ငံမှ ပြုလုပ်မည့် လုပ်ဆောင်ချက် ၈ရပ်ကို ကြေညာခဲ့ပြီး “Belt and Road” ပူးတွဲ တည်ဆောက်မှုသည် အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး အဆင့်သစ်သို့ ဝင်ရောက်လိုက်သည်ဟု ဖော်ပြနိုင်ကြောင်း ပြောကြားခဲ့ပါသည်။