ဖိလစ်ပိုင်၏ တောင်ပင်လယ် ဆိုင်ရာ ကြံစည်ချက်ကို ဖွင့်ချ

(GMT+08:00)2024-03-07 15:42:26  

ယခုလ ၅ရက်နေ့တွင် ဖိလစ်ပိုင်သင်္ဘောများသည် တရုတ်နိုင်ငံ နန်ဆားကျွန်းစု Ren'ai Reef နှင့်အနီးတစ်ဝိုက် ပင်လယ်ရပ်ဝန်းသို့ ထပ်မံ တရားမဝင် ဝင်ရောက်ပြီး တရားမဝင် “သောင်တင်”နေသော စစ်သင်္ဘောသို့ ထောက်ပံ့ရေးပစ္စည်းများကို သယ်ယူ ပို့ဆောင် ခဲ့ပါသည် ။ တရားမဝင် ဝင်ရောက်သော ဖိလစ်ပိုင်ပင်လယ်ကမ်းခြေစောင့် ရဲသင်္ဘော အမှတ်၄၄၀၇ သည် တရုတ်ဘက်မှ ထပ်ခါတလဲလဲ သတိပေးချက်များကို လျစ်လျူရှုပြီး အန္တရာယ်ရှိသော နည်းလမ်းဖြင့် တရုတ်ပင်လယ်ကမ်းခြေစောင့် ရဲသင်္ဘော အမှတ် ၂၁၅၅၅ကို တမင်သက်သက် တိုက်မိခဲ့ရာ အနည်းငယ်ခြစ်ရာများ ဖြစ်ပေါ်စေခဲ့ပါသည်။ တရုတ် ပင်လယ် ကမ်းခြေစောင့် ရဲတပ်ဖွဲ့သည် ဖိလစ်ပိုင် သင်္ဘောများကို ဥပဒေအရ လိုအပ်သော စီမံထိန်းချုပ်မှုကို ဆောင်ရွက်ခဲ့ပါသည်။ ဖြစ်စဉ်တစ်လျှောက်လုံးတွင် တရုတ် ပင်လယ်ကမ်းခြေစောင့် ရဲတပ်ဖွဲ့ သည် စိတ်ရှည်သည်းခံသော သဘောထားနှင့် ပရော် ဖက်ရှင်နယ် ဆန်ဆန် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ၄င်းဆောင်ရွက်မှုသည် တရားဝင်ပြီး ကျိုးကြောင်းဆီလျော်ပါသည်။

    ယင်းတိုက်မိမှုသည် ဖိလစ်ပိုင်၏ တောင်ပင်လယ် ဆိုင်ရာ ကြံစည်ချက် အတွက် နောက်ဆုံးပေါ် လုပ်ဆောင်ချက် ဖြစ်ပါသည်။ တရုတ် တောင်ပင်လယ်ရှိ ကျွန်းနှင့် ကျောက်ဆောင်များကို ကျူးကျော်သိမ်းပိုက်ရန် အတွက် ဖိလစ်ပိုင်သည် ပရိယာယ် ၃ခုထက် မနည်းကို အသုံးပြုပါသည်။ ပထမအချက်က ဖိလစ်ပိုင်သည် သတင်းအတုလုပ်ပြီး တရုတ် နိုင်ငံကို နှုတ်လှန်ထိုးလိုက်ခြင်း ဖြစ်ပါသည်။ ဒုတိယ အချက် ကတော့ တရုတ် နိုင်ငံနှင့် ဆွေးနွေးပွဲ ကျင်းပရာတွင် အားသာချက် ရရှိရန် ဥပဒကြမ်း ဆိုသည်ကို ဖန်တီးခြင်း ဖြစ်ပါသည်။ တတိယ အချက်က မိမိအတွက် ရဲဆေးတင်ရန် ကွင်းငယ် ဖွဲ့စည်းခြင်း ဖြစ်ပါသည်။

လက်ရှိတွင် တရုတ် နိုင်ငံနှင့် အာဆီယံ နိုင်ငံများသည် “တောင်ပင်လယ်စီမံခန့်ခွဲမှု မူဝါဒ” ချမှတ်ရန် အတွက် တွန်းအားပေး ဖော်ဆောင်နေပြီး ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး များသည် ဒေသတွင်း နိုင်ငံများ၏ ဘုံလိုအင်ဆန္ဒဖြစ်ပါသည်။ ဖိလစ်ပိုင် အနေနှင့် စိတ်ငြိမ်စွာ ဖြင့် အိမ်နီးချင်း နိုင်ငံ အပါအဝင် ဘက်ပေါင်းစုံမှ အသံများကို နားထောင်သင့်ပါသည်။

ထို့အပြင်၊ အမေရိကန်၏ မဟာဗျူဟာ ကျားကွက်တွင် ဖိလစ်ပိုင်သည် စစ်တုရင်ရုပ် တစ်ခုသာ ဖြစ်ပြီး အမေရိကန် အတွက် ဟစ်ကြွေးအားပေးခြင်းသည် လောင်းကစားမှုတွင် နောက်ပိတ်ဆုံး ငွေပုံ၍ အောချလောင်းရာ ကျရောက်ကာ နောက်ဆုံးတွင် စွန့်လွှတ်မှု ခံရမည် ဖြစ်ပါသည်။ ယင်းကို ဖိလစ်ပိုင် အနေနှင့် ပိုပြီး သိမြင်သင့်ပါသည်။