တရုတ်နိုင်ငံခြားရေးလုပ်ငန်းသည် ကမ္ဘာအတွက် တရုတ်၏ ဖြေရှင်းနည်းများကို ပံ့ပိုးပေးပြီး အကျိုး ဆောင်ပေး

(GMT+08:00)2024-03-07 15:43:53  

မတ်လ (၇) ရက်နေ့ နံနက်ပိုင်းက (၁၄) ကြိမ်မြောက် တရုတ်ပြည်လုံး ဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေး၏သတင်းစာ ရှင်းလင်းပွဲကို ကျင်းပခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတဝင်၊ နိုင်ငံခြား ရေး ဝန်ကြီးဝမ်ယိက "တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့်  နိုင်ငံတကာ ဆက်ဆံရေးနှင့် ပတ်သက်ပြီး တရုတ်နှင့် နိုင်ငံခြား သတင်းထောက်များ၏ မေးခွန်းများကို ဖြေကြားခဲ့သည်။

ဝမ်ယိ က ၂၀၂၃ခုနှစ်တွင် ရဲဘော်ရှီကျင့်ဖိန်ကို ဗဟိုပြု သည့် တရုတ်ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ၏ ခိုင်မာသော ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံခြားရေးသည် တရုတ်ကွန်မြူနစ်ပါတီ အကြိမ်၂၀ မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ၏ အနှစ်သာရကို နက်ရှိုင်းစွာ ကျင့်သုံးဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတကာစည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြင့်ရန် တရုတ်နိုင်ငံ၏ဆောင်ရွက်ချက်များကို ကျင့်သုံးကာ အကျပ်အတည်းနှင့် စိန်ခေါ်မှုများကို ဖြေရှင်းရန် တရုတ်၏ ဖြေရှင်းနည်းများကို ပံ့ပိုးပေးခဲ့ ကြောင်း၊  ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံ၏ အကျိုး ဆောင် ပေးကာ သံတမန်ရေးရာ သီအိုရီနှင့် လက်တွေ့ဖော်ဆောင်မှု နယ်ပယ်သစ်ကို ဖွင့်လှစ်ပေးခဲ့ ကြောင်း ပြောကြားခဲ့ပါသည်။