ရှီကျင့်ဖိန် သည် ၁၄ကြိမ်မြောက် CPPCC ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက် နေသည့် ကော်မတီဝင်များအား လာရောက်ကြည့်ရှု

(GMT+08:00)2024-03-07 15:26:22  

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မတ်လ ၆ရက်နေ့ ညနေပိုင်းက ၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ (CPPCC) ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်နေသည့် တရုတ်ကူမင်တန် တော်လှန်ရေး ကော်မတီ၊ သိပ္ပံနည်းပညာ၊ ပတ်ဝန်းကျင်နှင့် အရင်းအမြစ် လုပ်ငန်းနယ်ပယ်များမှ ကော်မတီဝင်များအား လာရောက်ကြည့်ရှုပြီး အုပ်စုအလိုက် စိစစ်ဆွေးနွေးပွဲသို့ တက် ရောက်ကာ အမြင်များနှင့် အကြံပြုချက်များကို ကြားနာခဲ့ပါသည်။
    ရှီကျင့်ဖိန် က တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်မှ ပါတီများ၊ အဖွဲ့ အစည်းများ၊ တိုင်းရင်းသားပေါင်းစုံ၊ အလွှာပေါင်းစုံမှပုဂ္ဂိုလ်များသည် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံတွင် တင်ပြထားသော အရေးကြီးမဟာဗျူဟာမြောက်တာဝန်များနှင့် ဗဟိုစီးပွားရေးလုပ်ငန်းအစည်းအဝေးတွင် ချမှတ်ထားသော အစီအမံများနှင့်ပတ်သက်ပြီး နက်ရှိုင်းစွာစုံစမ်းလေ့လာကာ အကြံပြုချက် များ တက်ကြွစွာ တင်ပြပြီး သဘောတူညီမှုများကို ကျယ်ပြန့်စွာ စုစည်း၍ တရုတ် အသွင် ပုံစံ ခေတ်မီရေးကို အထောက်အကူပြုရန်လိုကြောင်း အလေးထားပြောကြား ခဲ့ပါသည်။
    ရှီကျင့်ဖိန် က ယခုနှစ်သည် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ဖွဲ့စည်း တည်ထောင်သည့် ၇၅နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်သည် ကောင်းမွန်သော ဓလေ့ထုံးတမ်းများ ထွန်းကားစေပြီး နိုင်ငံရေး တာဝန်များကို စွဲစွဲမြဲမြဲမှတ်ထားကာ ကိုယ်ပိုင်တည်ဆောက်မှုကို မြှင့်တင်ရမည် ဖြစ် ကြောင်း၊ CPPCC ကော်မတီဝင်များသည် ကိုယ်ပိုင်အရည်အချင်းနှင့် တာဝန် ထမ်းဆောင်ရန် စွမ်းရည်ကို မြှင့်တင်ပြီး ခေတ်သစ်တွင် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ လုပ်ငန်းများနှင့် ပါတီစုံ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ၏ အခြေအနေသစ်ကို အဆက်မပြတ် ဖန်တီးပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။