ကင်ဂျုံအန်းသည် မြောက်ကိုရီးယားပြည်သူ့တပ်မတော် စစ်ဆင်မှု လေ့ကျင့်ရေးစခန်းကို ကြည့်ရှုစစ်ဆေး

(GMT+08:00)2024-03-07 15:47:13  

    မြောက်ကိုရီးယားဗဟိုသတင်းဌာန၏ မတ်လ၇ရက်နေ့က သတင်းထုတ်ပြန်ချက်အရ မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ ကင်ဂျုံအန်း သည် မတ်လ ၆ရက်နေ့တွင် မြောက်ကိုရီးယားပြည်သူ့တပ်မတော်၏ အနောက် ပိုင်းဒေသရှိ အရေးပါသော စစ်ဆင်မှု လေ့ကျင့်ရေးစခန်းသို့ သွားရောက်ခဲ့ပြီး၊ လေ့ကျင့်ရေး အဆောက်အအုံများကို စစ်ဆေးကာ တပ်ဖွဲ့များ၏ လေ့ကျင့်မှုများ ကို လမ်းညွှန်ပေးခဲ့ပါ သည်။