ရှီကျင့်ဖိန်သည် နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံမှ အမျိုးသမီးများအား ဆုမွန်ကောင်းတောင်း

(GMT+08:00)2024-03-07 15:40:16  

မတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် ၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်ကြသော တရုတ်ကိုမင်တန်တော်လှန်ရေး ကော်မတီ၊ သိပ္ပံနှင့် နည်းပညာလောက၊ သဘာဝပတ်ဝန်းကျင်နှင့်သယံဇာတလောကမှ ကော်မတီဝင်များကို သွားရောက်တွေ့ဆုံခဲ့ပြီး ပူးတွဲ ကျင်းပသော အစည်းအဝေးတွင် ပါဝင်ကာ သဘောထားအမြင်များနှင့် အကြံပြုချက်များကို ကြားနာခဲ့သည်။

မတ်လ ၈ ရက်နေ့၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကျရောက်တော့မည့်အခါသမယတွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီကိုယ်စား ရှီကျင့်ဖိန်က အစည်းအဝေးနှစ်ရပ်ကို တက်ရောက်ကြသည့် အမျိုးသမီး ကိုယ်စားလှယ်များ၊ အမျိုးသမီး ကော်မတီဝင်များနှင့် အမျိုးသမီး ဝန်ထမ်းများအား၊ နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားလူမျိုးစုအားလုံးနှင့် အလွှာပေါင်းစုံမှ အမျိုးသမီးများအား၊ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ၊ မကာအို အထူးအုပ်ချုပ်ရေးဒေသနှင့် ထိုင်ဝမ် ဒေသရှိ အမျိုးသမီးများနှင့် နိုင်ငံရပ်ခြားရှိ တရုတ်အနွယ်ဖွားအမျိုးသမီးများအား ဂုဏ်ပြုဆုမွန်ကောင်း တောင်းပေးခဲ့ ပါသည်။