ကုလသမဂ္ဂ၏အခန်းကဏ္ဍကို အားလျှော့၍ မရဘဲ အားဖြည့်ရမည်ဟု ဝမ်ယိ ပြောကြား

(GMT+08:00)2024-03-07 16:43:42  

မတ်လ ၇ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် ၁၄ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် (NPC) ဒုတိယအကြိမ် အစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲ၌ “တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံခြားဆက်ဆံရေး”ဆိုင်ရာပြဿနာများနှင့် ပတ်သက်၍ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ကမ္ဘာသည် စနစ် တစ်ခု သာရှိပြီး ကုလသမဂ္ဂကို အမြုတေအဖြစ်ထားသော နိုင်ငံတကာ စနစ်ပဲ ဖြစ်ကြောင်း၊ စည်းစနစ်တစ်မျိုးသာရှိပြီး နိုင်ငံတကာဥပဒေကို အခြေခံထားသော နိုင်ငံတကာ စည်းစနစ် ပဲဖြစ်ကြောင်း၊ စည်းမျဉ်း ဥပဒေတစ်စုံသာရှိပြီး ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်၏ ရည်ရွယ်ချက် နှင့် မူဝါဒကို အခြေခံထားသော နိုင်ငံတကာ ဆက်ဆံရေး အခြေခံ မူဝါဒပဲ ဖြစ်ကြောင်း တရုတ်နိုင်ငံ အနေနှင့် အမြဲတမ်း ယူဆသည်ဟု ပြောကြားခဲ့ပါသည်။

ယခုနှစ်များတွင် အကျပ်အတည်းများနှင့် စိန်ခေါ်မှုများသည် မိမိတို့အား ထပ်ခါထပ်ခါ သတိပေးပြီး ၄င်းသတိပေးချက်မှာ ကုလသမဂ္ဂ၏အခန်းကဏ္ဍကို အားလျှော့၍ မရဘဲ အားဖြည့်ရမည် ဖြစ်သလို ကုလသမဂ္ဂ၏ အဆင့်နေရာကို အစားထိုး၍ မရဘဲ ထိန်းသိမ်းရမည် ဖြစ်ကြောင်း ဝမ်ယိက ပြောကြားခဲ့ပါသည်။