ပြင်ပ နိုင်ငံအချို့သည် တောင်တရုတ်ပင်လယ်မှာ အနှောင့်အယှက်ဖြစ်စေသည့်နိုင်ငံ မဖြစ်သင့်ဟု ဝမ်ယိဆို

(GMT+08:00)2024-03-07 16:44:36  

မတ်လ ၇ရက်နေ့ မနက်ပိုင်းက ၁၄ကြိမ်မြောက်တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ဒုတိယ အကြိမ် အစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်နိုင်ငံခြားရေး ပေါ်လစီနှင့် နိုင်ငံခြား ဆက်ဆံရေး နှင့်ပတ်သက်ပြီး ပြည်တွင်းပြည်ပ သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားခဲ့သည်။

ဝမ်ယိက တောင်တရုတ်ပင်လယ်ပြဿနာနှင့်ပတ်သက်ပြီး တမင် အခွင့်အရေး ကျူးကျော်ထိပါးမှုတွေကို ကျွန်တော်တို့ အနေနှင့် ဥပဒေအရ  အခွင့်အရေးကို ကာကွယ်သွားမည် ဖြစ်ကြောင်း၊ ကျိုးကြောင်းဆီလျော်မှု မရှိသော ရန်စမှုများကို တရားဥပဒေအရ ချက်ခြင်းတုံ့ပြန်မည် ဖြစ်ကြောင်း၊ ပြင်ပနိုင်ငံအချို့သည် တောင်တရုတ်ပင်လယ်မှာ အနှောင့်အယှက် ဖြစ်စေသည့်နိုင်ငံ မဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။