ရုရှားသည် နယ်ပယ်အသီးသီးတွင် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းရန် အသင့်ရှိနေသည်ဟု ပူတင်ဆို

(GMT+08:00)2024-03-07 15:41:32  

ဒေသစံတော်ချိန် မတ်လ ၆ ရက်နေ့တွင် ရုရှားသမ္မတ ပူတင်သည် ဆိုချီ၌ အလည်အပတ်ရောက်ရှိနေသော နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ ဒါရိုက်တာချုပ် ဂရော့စီနှင့် တွေ့ဆုံခဲ့သည်။

ရုရှားသည် အနာဂတ်တွင် နယ်ပယ်အသီးသီး၌ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းရန် အသင့်ရှိကြောင်း၊ ရုရှားနိုင်ငံသည် ရုရှား နျူကလီးယား စွမ်းအင် ဆိုင်ရာ အဆောက်အအုံနှင့် သက်ဆိုင်သည့် နေရာအားလုံး၏ လုံခြုံရေးကို တတ်နိုင်သမျှ အာမခံ ပေးမည်ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့ ပါသည်။