အချို့နိုင်ငံများက စားပွဲပေါ်တွင် မရှိမဖြစ် အရေးပါနေပြီး အချို့နိုင်ငံများက မီနူးထဲမှာပဲရှိခြင်းကို ကန့်ကွက် သည်ဟု ဝမ်ယိဆို

(GMT+08:00)2024-03-07 16:45:20  

မတ်လ ၇ရက်နေ့ မနက်ပိုင်းက ၁၄ကြိမ်မြောက်တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ဒုတိယ အကြိမ် အစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်နိုင်ငံခြားရေး ပေါ်လစီနှင့် နိုင်ငံခြား ဆက်ဆံရေးနှင့် ပတ်သက်ပြီး ပြည်တွင်းပြည်ပသတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားခဲ့သည်။

ကမ္ဘာကြီး ဝင်ရိုးစုံတိုးတက်ခြင်းနှင့် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းသည် လူ့ဘောင်အဖွဲ့အစည်း ၏ ဖွံ့ဖြိုးတိုးတက်ရေး ရေစီးကြောင်းဖြစ်ကြောင်း၊ သို့သော် မတူညီသော အဘက်ဘက်များက လိုအပ်သော ကမ္ဘာကြီး ဝင်ရိုးစုံတိုးတက်ခြင်းနှင့် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း အမျိူးအစားတော့ မတူညီကြောင်း၊ တရုတ်နိုင်ငံအနေနှင့် တန်းတူညီမျှပြီး စနစ်တကျရှိသော ကမ္ဘာကြီး ဝင်ရိုးစုံတိုးတက်ခြင်းနှင့် အားလုံးပါဝင်ပြီး အကျိုးရရှိနိုင်သည့် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းကို အကောင်အထည်ဖော်ဆောင်ရန်လိုအပ်ကြောင်း၊ အချို့နိုင်ငံများက စားပွဲပေါ်တွင် မရှိမဖြစ်အရေးပါ နေပြီး အချို့နိုင်ငံများက မီနူးထဲမှာပဲရှိခြင်းကို ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရှိရသည်။