တရုတ်သည် အိမ်နီးချင်းနိုင်ငံများနှင့် ကောင်းမွန်စွာဆက်ဆံပြီး ရိုးသားမှုများဖြင့် အပြန်အလှန်အကျိုးရှိစေသော မူဝါဒများကို စွဲကိုင်မည်ဟု ဝမ်ယိဆို

(GMT+08:00)2024-03-07 16:01:08  

မတ် လ ၇ ရက်နေ့နံနက်ပိုင်းက ကျင်းပသော ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ဒုတိယအကြိမ်အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင် အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများသည် အဝေးသို့ မရွှေ့ပြောင်းနိုင်သော အိမ်နီးချင်းများ ဖြစ်ကြကြောင်း၊ အာရှတိုက်သည် ကျွန်ုပ်တို့၏ ဘုံအိုးအိမ် ဖြစ်ကြောင်း၊ ဤအိုးအိမ်ကို ကောင်းမွန်စွာ တည်ဆောက်ခြင်းသည် ဒေသတွင်း နိုင်ငံများ၏  ဘုံဆန္ဒဖြစ်ကြောင်း၊ တရုတ်သမ္မတ ရှီကျင့်ဖိန်သည် အိမ်နီးချင်း နိုင်ငံများတွင် ချစ်ခင်ရင်းနှီးမှု၊ ရိုးသားဖြူစင်မှု၊ အပြန်အလှန်အကျိုးရှိစေမှုနှင့် အားလုံးပါဝင်နိုင်မှုဟူသော အယူအဆအတွေးအခေါ်ကို အဆိုပြုခဲ့ပြီးနောက် တရုတ်ပြည်က အိမ်နီးချင်းနိုင်ငံများနှင့် အိမ်နီးချင်းကောင်း ချစ်ကြည်ရေး ဆက်ဆံမှု အခြေအနေသစ်ကို ဖန်တီးခဲ့ပြီဖြစ်ပြီး အာရှနိုင်ငံများနှင့် ဆက်ဆံရာတွင် တမူထူးခြားသော ပေါင်းသင်းဆက်ဆံရေး  လမ်းကြောင်းသစ်ကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။