အမေရိကန် ဖျက်သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့သည်ဟု ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့ဆို

(GMT+08:00)2024-03-06 16:04:09  

ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Yahya Saraya က မတ်လ ၅ ရက်နေ့ ညပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာ ဟူသီလက်နက်ကိုင်အဖွဲ့သည် ဒရုန်းများနှင့် ဒုံးကျည်များဖြင့် ပင်လယ်နီ၌ ခုတ်မောင်းနေသောအမေရိကန် ဖျက်သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

Saraya က ဟူသီလက်နက်ကိုင်အဖွဲ့သည် ရန်သူမှန်သမျှကို မဆုတ်မဆိုင်း တိုက်ခိုက် မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ သို့သော် တိုက်ခိုက်ခဲ့သည့်အချိန် နှင့် တိုက်ခိုက်ခဲ့သည့် သင်္ဘောများအမည်ကိုမူ ဖော်ပြခြင်းမရှိပါ။ လက်ရှိအချိန်အထိ သက်ဆိုင်ရာ ကိစ္စနှင့် ပတ်သက်၍ အမေရိကန်ဘက်က သဘောထား ထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်း သိရပါသည်။