ဈေးနှုန်း တည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရေးနှင့် ဈေးနှုန်း တည်ငြိမ်စွာ ပြန်တက်ခြင်း တွန်းအားပေးရေးကို ငွေကြေးမူဝါဒ ချမှတ်ရေးတွင် အရေးကြီး စဉ်းစားချက်နှင့် တွက်ချက် အဖြစ် ထားရှိမည်ဟု တရုတ်ပြည်သူ့ဘဏ် ဥက္ကဋ္ဌဆို

(GMT+08:00)2024-03-06 23:35:30  

    တရုတ် ပြည်သူ့ဘဏ် ဥက္ကဋ္ဌ Pan Gongshengက ၁၄ကြိမ်မြောက် တရုတ်ပြည်လုံး ဆိုင်ရာ ပြည်သူ့ ကွန်ဂရက် (NPC) ဒုတိယအကြိမ် အစည်းအဝေး၏ စီးပွားရေးဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် နိုင်ငံသည် အသုံးပြုနိုင်သော ငွေကြေး မူဝါဒ များစွာ ရှိနေသေးပြီး ငွေကြေး မူဝါဒ ထိန်းညှိရန် အခြေအနေ လုံလောက်စွာ ရှိနေသေးကြောင်း၊ လက်ရှိ တရုတ် နိုင်ငံ၏ ဥပဒေမှ သတ်မှတ်ထားသော အပ်ငွေအတွက် အရံငွေ ထားရှိမှုနှုန်း(deposit-reserve ratio)မှာ ၇ရာခိုင်နှုန်း ဖြစ်ကြောင်း၊ အပ်ငွေအတွက် အရံငွေ ထားရှိမှုနှုန်း လျှော့ချရန် အခြေအနေ ရှိနေသေးကြောင်း၊ တရုတ် ပြည်သူ့ဘဏ်သည် ဈေးနှုန်း တည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရေးနှင့် ဈေးနှုန်း တည်ငြိမ်စွာ ပြန်တက်ခြင်း တွန်းအားပေးရေးကို ငွေကြေးမူဝါဒ ချမှတ်ရေးတွင် အရေးကြီး စဉ်းစားရမည့်အချက်နှင့် တွက်ချက်ရမည့်အချက် အဖြစ် ထားရှိမည် ဖြစ်ကြောင်း၊ ဘဏ်လုပ်ငန်း ငွေလက်ကျန် ရှင်းတမ်းကို ထည့်သွင်းစဉ်းစားပြီး ဘက်ပေါင်းစုံ ကနေ စီမံခန့်ခွဲကာ အထွေထွေ ငွေရင်း ဆွဲဆောင်ရေး ကုန်ကျစရိတ် တည်ငြိမ်စွာ လျော့ကျစေရန် ဆက်လက် တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။