တရုတ်နိုင်ငံသည် Ren'ai Reef အပါအဝင် နန်ဆားကျွန်းစုကို ငြင်းခုံ၍ မရသော အချုပ်အခြာအာဏာပိုင်ခွင့် ရှိသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2024-03-06 18:25:17  

မတ်လ ၆ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာ၌ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က Ren'ai Reef သည် တရုတ်နန်ဆားကျွန်းစု၏ အစိတ်အပိုင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် Ren'ai Reef အပါအဝင် နန်ဆားကျွန်းစုနှင့် အနီးတစ်ဝိုက်ပင်လယ်ရပ်ဝန်းကို ငြင်းခုံ၍ မရသော အချုပ်အခြာအာဏာပိုင်ခွင့် ရှိကြောင်း၊ ယင်းသည် ရေရှည်သမိုင်းဖြစ်စဉ်တွင် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ကုလသမဂ္ဂ ပဋိညာဉ်စာချုပ် အပါအဝင် နိုင်ငံတကာဥပဒေများနှင့် ကိုက်ညီကြောင်း ပြောကြားခဲ့ပါသည်။