ဖိလစ်ပိုင်၏ "ပင်လယ်ဒေသ ဥပဒေကြမ်း"နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနသည် တရုတ်နိုင်ငံ၏ တည်ကြည်လေးနက်သော ရပ်တည်ချက်ကို ရှင်းလင်းဖော်ပြ

(GMT+08:00)2024-03-06 15:34:02  

   မတ်လ ၅ ရက်နေ့က ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ ဖိလစ်ပိုင် အထက်လွှတ်တော်က "ပင်လယ်ဒေသ ဥပဒေကြမ်း"ကို အတည်ပြုခြင်းဆိုင်ရာ သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဖိလစ်ပိုင် အထက်လွှတ်တော်သည် "ပင်လယ်ဒေသ ဥပဒေကြမ်း" ဆိုတာကို အတည်ပြုကာ ပြည်တွင်း ဥပဒေပြုခြင်း အသွင်ပုံစံဖြင့် တောင်ပင်လယ် ဆိုင်ရာ တရားမဝင် အနုညာတ စီရင်ချက်ကို ခိုင်မာအောင် လုပ်ဆောင်ပြီး တရုတ်နိုင်ငံ၏ ဟွမ်ယန်ကျွန်းနှင့် နန်ဆားကျွန်းစုမှ ကျွန်း၊ ကျောက်ဆောင်အများစုနှင့် ကပ်လျက် ပင်လယ်ရပ်ဝန်းများကို ၎င်း၏ ပင်လယ်ရပ်ဝန်းထဲတွင် တရားမဝင် ထည့်သွင်းရန် ကြံစည်ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံ၏ တောင်ပင်လယ်၌ ပိုင်နက်နယ်မြေ အချုပ်အခြာအာဏာနှင့် ပင်လယ် ရေးရာ အခွင့်အရေးနှင့် အကျိုးစီးပွားကို ပြင်းထန်စွာ ကျူးလွန်ကြောင်း၊ တရုတ်နိုင်ငံသည် ယင်းကို ပြတ်ပြတ်သားသား ကန့်ကွက်ပြီး ဖိလစ်ပိုင်ဘက်အား တည်ကြည်လေးနက်စွာ အရေးဆိုခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။