ရှီကျင့်ဖိန် သည် ၁၄ကြိမ်မြောက် CPPCC ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက် နေသည့် ကော်မတီဝင်များအား လာရောက်ကြည့်ရှု

(GMT+08:00)2024-03-06 18:25:50  

မတ်လ ၆ရက်နေ့ ညနေပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ (CPPCC) ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်နေသည့် တရုတ်ကူမင်တန်ပါတီ တော်လှန်ရေးကော်မတီ၊ သိပ္ပံနည်းပညာ၊ ပတ်ဝန်းကျင်နှင့် အရင်းအမြစ်အုပ်စုမှ ကော်မတီဝင်များအား လာရောက်ကြည့်ရှုပြီး အုပ်စုအလိုက် စိစစ်ဆွေးနွေးပွဲသို့ တက်ရောက်ကာ အမြင်များနှင့် အကြံပြုချက်များကို ကြားနာခဲ့ပါသည်။