ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန် ဗီတိုအာဏာဖြင့် ပယ်ချခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပ

(GMT+08:00)2024-03-06 16:06:10  

    ဒေသစံတော်ချိန် မတ်လ ၅ ရက်နေ့က ကုလသမဂ္ဂသည် ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချခြင်းနှင့်ပတ်သက်၍ အထွေထွေညီလာခံ ကျင်းပခဲ့ပါသည်။

ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခဖြစ်ပွားပြီး ၅ လနီးပါး အတွင်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ စတုတ္ထအကြိမ်မြောက် အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုကို အမေရိကန်က အတင်းအကျပ် ပိတ်ဆို့နှောင့်ယှက်ခဲ့ခြင်းအတွက် တရုတ်နိုင်ငံက အလွန်စိတ်ပျက်မိကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတကာနှင့် ဒေသတွင်း သံတမန်ရေးဆိုင်ရာ ကြိုးပမ်းမှုများကို အရှိန်အဟုန်မြှင့်ကာ ယုံကြည်စိတ်ချရသော ဘက်ပေါင်းစုံ လုပ်ငန်းစဉ်ကို ပြန်လည်ပုံဖော်ရန်၊ " နှစ်နိုင်ငံ ဖြေရှင်းရေး" နည်းလမ်း၏ နိုင်ငံရေး အလားအလာများကို ပြန်လည်အသက်ဝင်စေရန်နှင့် ပါလက်စတိုင်းနှင့် အစ္စရေးတို့ကြား တိုက်ရိုက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည်စတင်စေရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်း ဒု ကိုယ်စားလှယ် ကင်ရွှမ်က ပြောကြားပါသည်။