ဒေသအခြေအနေအရ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားကို တိုးမြှင့်ရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2024-03-06 15:00:34  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မတ်လ ၅ ရက်နေ့ ညနေပိုင်းမှာ ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေး ကျန်းစူး ပြည်နယ် ကိုယ်စားလှယ်အဖွဲ့၏ စိစစ်ဆွေးနွေးပွဲ ပါဝင်တက်ရောက်ရာတွင် အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်သည့် အဓိကတာဝန်ကို စွဲစွဲမြဲမြဲ ဆောင်ရွက်ရမည် ဖြစ်ပြီး ဒေသအခြေအနေအရ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားကို တိုးမြှင့်ရမည် ဖြစ်ကြောင်း၊ အသစ်တစ်ဖန် သိပ္ပံနည်းပညာ တော်လှန်ရေးနှင့် ကုန်ထုတ်လုပ်မှု ပြုပြင်ပြောင်းလဲရေးကို ရင်ဆိုင်လျက် မိမိတို့သည် အခွင့်အလမ်းများကို ထိထိမိမိ ဆုတ်ကိုင်ထားပြီး ဆန်းသစ်တီထွင်ရေးကို တိုးမြှင့်ရမည် ဖြစ်ကြောင်း၊ ထွန်းသစ်စ လုပ်ငန်းများ ရှင်သန် လာအောင် ဆောင်ရွက်ပြီး အနာဂတ် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ကြိုတင်စီမံကာ ခေတ်မီ ကုန်ထုတ်လုပ်မှု စည်းစနစ် ပိုမို ပြည့်စုံကောင်းမွန်လာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဒေသအရပ်ရပ် အနေနှင့် ဒေသခံ အရင်းအမြစ် အခြေအနေများ၊ ကုန်ထုတ်လုပ်မှု အခြေခံ အခြေအနေများ၊ သိပ္ပံနည်းပညာ အခြေအနေများအရ ကုန်ထုတ်လုပ်မှုသစ်၊ ပုံစံသစ်၊ စွမ်းအင်သစ် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးပြီး နည်းပညာသစ်ဖြင့် သမားရိုးကျ လုပ်ငန်းများကို ပြုပြင် အဆင့်မြှင့်တင်၍ ကုန်ထုတ်လုပ်မှု အဆင့်မြှင့်တင်ရေး၊ စမတ်ဖြစ်ရေးနှင့် အစိမ်းရောင် ဖြစ်ရေးတို့ကို တက်ကြွစွာ အားဖြည့်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။