တရုတ်ကုမ္ပဏီမှ တည်ဆောက်ထားသော နိုင်ဂျီးရီးယား Rye ရထားလမ်းသည် ရက်ပေါင်း ၁၀၀၀ လုံခြုံစွာ လည်ပတ်

(GMT+08:00)2024-03-06 16:04:49  

၂၀၂၁ခုနှစ် ဇွန်လက Belt and Road အဆိုပြုချက်ကို အခြေခံပြီး  တရုတ်ကုမ္ပဏီ မှ တည်ဆောက်ထားသော Lagosမြို့နှင့် Ibadanမြို့ အကြားရှိ Rye ရထားလမ်း စတင်လည်ပတ်ခဲ့သည်။ ယင်းရထားလမ်း ပင်မလိုင်းသည် ၁၅၇ ကီလိုမီတာခန့် ရှည်လျားပြီး ကိုင်းလိုင်းကတော့ ၇ ကီလိုမီတာခန့် ရှည်လျားကာ ခေတ်မီ ရထားလမ်း စံချိန်စံညွှန်းများကို ကျင့်သုံး၍ အမြန်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၁၅၀ ရှိသည်။ ၂၀၂၄ခုနှစ် မတ်လ ၅ ရက်နေ့အထိ Rye ရထားလမ်းသည် ရက်ပေါင်း ၁၀၀၀ ပြည့်ကာ လုံခြုံစွာ လည်ပတ်နေပြီဖြစ်ပြီး ခရီးသည် ဦးရေ စုစုပေါင်း ၂ သန်းကျော်ရှိသည်။ Rye ရထားလမ်းသည် လူအများ သွားလာမှုကို လွယ်ကူချောမွေ့စေရုံသာမက ဆိပ်ကမ်းနှင့် ကုန်းတွင်းပိုင်း ကုန်တင်သယ်ယူပို့ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးကာ နိုင်ဂျီးရီးယားနိုင်ငံ၏ စက်မှုနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုလျင်မြန်စွာ အဆင့်မြှင့်တင်စေသည်။