၂၀၂၄ခုနှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာပြီး ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်မည့် အရှိန်အဟုန် ပိုမိုခိုင်မာအားကောင်းလာမည်

(GMT+08:00)2024-03-06 18:24:49  

မတ်လ ၆ရက်နေ့ ညနေပိုင်းတွင် ၁၄ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် (NPC) ဒုတိယအကြိမ် အစည်းအဝေး၏ စီးပွားရေးဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ဥက္ကဋ္ဌ Zheng Shanjie က ၂၀၂၄ခုနှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အားသာချက်များ သည် အားနည်းချက်များထက် ပိုမိုများပြားကြောင်း၊ စီးပွားရေးပြန်လည်ဦးမော့လာပြီး ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်မည့် အရှိန်အဟုန် ပိုမိုခိုင်မာအားကောင်းလာမည် ဖြစ် ကြောင်း၊ ရေတိုကာလရော ရေရှည်ကာလတွင်ပါ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကြည့်လျှင် အင်အားတောင့်တင်းသော ကျားကန်ပေးမှု ရှိသည်ဟု တွေ့မြင်နိုင်ကြောင်း၊ ပထမအနေနှင့် ဖွံ့ဖြိုးတိုးတက်ရေးအခြေခံအုတ်မြစ် ပိုမိုခိုင်မာလာခြင်း ဖြစ်ကြောင်း၊ ဒုတိယ အနေနှင့် မက္ခရိုမူဝါဒများ ဆက်လက်အားဖြည့်ကျင့်သုံးခြင်း ဖြစ်ကြောင်း၊ တတိယအနေနှင့် ဒေသအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်ရေး ပိုမိုအပြုသဘောဆောင်သော အောင်မြင်မှုများ ရရှိခြင်း ဖြစ်ကြောင်း၊ စတုတ္ထအနေနှင့် တိုးတက်ကောင်းမွန်သော အချက်များ အဆက်မပြတ်စုဆောင်းခြင်း ဖြစ်ကြောင်း၊ စီးပွားရေး ဆက်တိုက် ဦးမော့လာပြီး ရေရှည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးပြီး တစ်နှစ်လုံး စီးပွားရေးနှင့်လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များကို အရည်အသွေးမြင့်မားစွာ အကောင်အထည်ဖော်ရန် မိမိတို့အနေဖြင့် ယုံကြည်စိတ်၊  စွမ်းဆောင်ရည်နှင့် အခြေအနေ ရှိကြောင်း ပြောကြားခဲ့ ပါသည်။