သိပ္ပံနည်းပညာဆန်းသစ်တီထွင်ရေးသည် အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားတွန်းအားပေးရန် သော့ချက်ကျသည်ဟု NPCကိုယ်စားလှယ် မွန်ဖန်ယဉ်ဆို

(GMT+08:00)2024-03-06 16:08:34  

ယခုလ ၅ရက်နေ့က ဘေကျင်းတွင် ကျင်းပသော တရုတ် ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် (NPC) နှစ်ပတ်လည် အစည်းအဝေးသို့ ပါဝင်တက်ရောက်နေသည့် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ်၊ ပေါင်းထို သံနှင့် သံမဏိလုပ်ငန်းစု ကုမ္ပဏီလီမိတက် ပါတီ ကော်မတီ အတွင်းရေးမှူး၊ ဒါရိုက်တာ အဖွဲ့ ဥက္ကဋ္ဌ မွန်ဖန်ယဉ်က သတင်းထောက်နှင့် အင်တာဗျူးဖြေဆိုခဲ့ရာ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားက ထိရောက်မှုရှိပြီး အဆင့်မြင့်ကာ အရည်အသွေးကောင်းမွန် သော ထုတ်လုပ်မှုနည်းလမ်းဖြစ်ကြောင်း၊ ယင်းသည် လုပ်ငန်းကုမ္ပဏီများထိ‌ရောက်မှုတိုးမြှင့်ရန် အရေးပါသော လမ်းကြောင်းဖြစ်ရုံသာမက လုပ်ငန်းကုမ္ပဏီများ ဆက်တိုက်ဆန်းသစ်တီထွင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် အရေးပါသော အင်အားလည်း ဖြစ်ကြောင်း၊ လုပ်ငန်းကုမ္ပဏီများက အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားကို လက်ခံယုံကြည်ပြီး သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှုကို အားဖြည့်ဆောင်ရွက်ကာ စီးပွားရေး စဉ်ဆက်မပြတ် ကောင်းမွန်စွာ  ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပိုမိုကြီးမားသည့် အကျိုးပြုမှုကို စွမ်းဆောင်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။