လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာ ဝန်ကြီး Tang renjian- စားနပ်ရိက္ခာ အထွက်နှုန်းကို တည်ငြိမ်စေပြီး စားနပ်ရိက္ခာဖူလုံမှုကို အာမခံပေး

(GMT+08:00)2024-03-06 15:43:17  

ယခုနှစ်တွင် တရုတ်နိုင်ငံ၏ စားနပ်ရိက္ခာ အထွက်နှုန်းသည်  တန်ချိန် သန်းပေါင်း ၆၅၀ အထက် ဆက်လက်ထိန်းထားရမည်ဖြစ်ကြောင်း အစိုးရလုပ်ငန်းအစီရင်ခံစာတွင် ဖော်ပြထား ပါသည်။ ၁၄ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေး၏ ပထမအကြိမ် “Ministers' passage”တွင် တရုတ် လယ်ယာ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာ ဝန်ကြီး Tang renjian က ၂၀၂၄ ခုနှစ်တွင် စားနပ်ရိက္ခာ အထွက်နှုန်းကို တည်ငြိမ်စေပြီး စားနပ်ရိက္ခာဖူလုံမှုကို အာမခံနိုင်စေရန် စီမံချက် ၄ ချက်ကို ဆုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ ယင်း စီမံချက် ၄ ချက်မှာ ပထမ-စိုက်ပျိုးမြေဧရိယာကို တည်ငြိမ်စေခြင်း၊ ဒုတိယ- တစ်ယူနစ် ဧရိယာအလိုက် အထွက်နှုန်းကို တိုးပွားစေခြင်း၊  တတိယ- ဝန်ဆောင်မှုကို ကောင်းမွန်စေခြင်း၊ စတုတ္ထ- မူဝါဒများကို ခိုင်မာစေခြင်း တို့ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။