ယခုနှစ် ဘဏ္ဍာရေး မူဝါဒ၏ အခြေခံ အနှစ်သာရနှင့် ထူးခြားချက်မှာ အနည်းငယ် အားဖြည့်ပေးခြင်း၊ အရည်အသွေး နှင့် ထိရောက်မှု တိုးမြှင့်ရေး ဖြစ်သည်ဟု တရုတ် ဘဏ္ဍာရေး ဝန်ကြီးဆို

(GMT+08:00)2024-03-06 23:34:33  

မတ်လ ၆ရက်နေ့ ညနေပိုင်းတွင် ၁၄ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် (NPC) ဒုတိယအကြိမ် အစည်းအဝေး၏ စီးပွားရေးဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပရာတွင် ဘဏ္ဍာရေး ဝန်ကြီး Lan Fo’anက မက္ကရို ထိန်းညှိမှုကို သိပ္ပံနည်းကျစွာနှင့် ထိရောက်စွာ ဆောင်ရွက်ခြင်းသည် စီးပွားရေးနှင့် လူမှုရေး ခြေလှမ်းမှန်မှန်ဖြင့် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရန် အတွက် အရေးကြီး အာမခံချက် ဖြစ်ကြောင်း၊ အနည်းငယ် အားဖြည့်ပေးခြင်း၊ အရည်အသွေးနှင့် ထိရောက်မှု တိုးမြှင့်ရေး သည် ယခုနှစ် ဘဏ္ဍာရေး မူဝါဒ၏ အခြေခံ အနှစ်သာရနှင့် ထူးခြားချက် ဖြစ်ကြောင်း၊ အောက်ပါ ကဏ္ဍ ၃ခုတွင် လုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ ပထမအချက်က ဘဏ္ဍရေး သုံးငွေ ပမာဏ ယေဘုယျ အားဖြင့် တိုးချဲ့ရန်၊ ဒုတိယ အချက်က အစိုးရ ကတိခံဝန်ချက် လက်မှတ် အတိုင်းအတာ သိသာစွာ တိုးပွားစေရန်၊ တတိယ အချက်က ဖွဲ့စည်းပုံနှင့် ဆိုင်သော အကောက်ခွန် ဆိုင်ရာ အခွန်အခများ လျှော့ချရေး မူဝါဒကို ဆက်လက် ကျင့်သုံးရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။