တရုတ်နိုင်ငံ၏ ပထမဆုံး မီတာ ၁ သောင်း အနက်ရှိ သုတေသန လေ့လာရှာဖွေရေးတူးစင်သည် မီတာ ၁ သောင်း ရောက်ရှိ

(GMT+08:00)2024-03-06 16:06:57  

မတ်လ ၄ရက်နေ့တွင် ရှင်းကျန်းဒေသ တာ့လီမခန်းသဲကန္တာရ အလယ်ပိုင်းတွင် တရုတ်နိုင်ငံ၏ ပထမဆုံး မီတာ ၁ သောင်း အနက်ရှိသည့် သုတေသန လေ့လာရှာဖွေရေးတူးစင်သည် အနက် မီတာ ၁ သောင်း ကို တရားဝင် ရောက်ရှိခဲ့ပါသည်။ ယင်းတူးစင်ကို Shendi Taco 1 ဟု အမည်ပေးထားကာ အနက် ၁သောင်း ၁ထောင် မီတာ အဖြစ် ဒီဇိုင်းပြုထားကာ သိပ္ပံနည်းပညာ လေ့လာရေးနှင့် ကြိုတင်စူးစမ်းရေးတာဝန်ထမ်းဆောင်ပါသည်။