နိုင်ငံခြားကုန်သွယ်ရေး တွန်းအားသစ်ကို ဖော်ဆောင်ပြီး နိုင်ငံခြားကုန်သွယ်ရေး အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးမည်ဟု တရုတ်ကုန်သွယ်ရေး ဝန်ကြီး ဆို

(GMT+08:00)2024-03-06 20:07:20  

မတ်လ ၆ရက်နေ့ ညနေပိုင်းတွင် ၁၄ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် (NPC) ဒုတိယအကြိမ် အစည်းအဝေး၏ စီးပွားရေးဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး Wang Wentao က လုံလောက်သော ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ပြီး နိုင်ငံခြားကုန်သွယ်ရေး ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း၊ ငွေရေးကြေးရေး ဝန်ဆောင်မှု၊ ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စီးပွားရေးဝန်ထမ်းများ သွားလာရေး ဘက်၃ဘက်တွင် ကျားကန်ပေးမှု များကို အားဖြည့်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဝန်ကြီး Wang Wentao က လာမည့်ကာလတစ်ခုအတောအတွင်းနှင့် ရေရှည်ကာလ တွင် ဗဟိုစီးပွားရေးလုပ်ငန်းအစည်းအဝေးနှင့် အစိုးရလုပ်ငန်းအစီရင်ခံစာ၏ အစီအမံများ အရ သော့ချက်မှာ နိုင်ငံခြားကုန်သွယ်ရေးတွန်းအားသစ်ကို  ဖော်ဆောင်ပြီး နိုင်ငံခြားကုန်သွယ်ရေး အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။