တရုတ် အစုရှယ်ယာ ကြီးကြပ်ကွပ်ကဲရေး ကော်မရှင် ဥက္ကဋ္ဌက လာမည့်အဆင့် အဓိက လုပ်ငန်းမှာ အစုရှယ်ယာ ဈေးကွက်၏ အရင်းအမြစ်နှင့် အခြေခံ အုတ်မြစ်ကို ခိုင်မာစေရေးနှင့် ကြီးကြပ်ကွပ်ကဲမှုကို တင်းကျပ်စွာ ဆောင်ရွက်ရေးတို့ ဖြစ်သည်ဟု ပြောကြား

(GMT+08:00)2024-03-06 23:36:21  

မတ်လ ၆ရက်နေ့ ညနေပိုင်းတွင် ၁၄ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် (NPC) ဒုတိယအကြိမ် အစည်းအဝေး၏ စီးပွားရေးဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပရာတွင် တရုတ် အစုရှယ်ယာ ကြီးကြပ်ကွပ်ကဲရေး ကော်မရှင် ဥက္ကဋ္ဌ Wu Qingက ငွေပင်ငွေရင်း ဈေးကွက် ကြီးကြပ်ကွပ်ကဲသူများ အနေနှင့် တရားမျှတမှု ပြဿနာကို အထူး အာရုံစူးစိုက်ရပြီး ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုနှင့် ကျိုးကြောင်းမှန်ကန်မှုတို့ကို အရေးအကြီးဆုံး အခြေခံမူများ အဖြစ် သဘောထားရမည် ဖြစ်ကြောင်း၊ လာမည့် အဆင့် လုပ်ငန်းများကို ဥပဒေသနှင့် စည်းမျဉ်းဥပဒေများနှင့် အညီ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အစုရှယ်ယာ ဈေးကွက်၏ အခြေခံ အုတ်မြစ်ကို ခိုင်မာစေရေးနှင့် ကြီးကြပ်ကွပ်ကဲမှုကို တင်းကျပ်စွာ ဆောင်ရွက်ရေးတို့ အဓိက အားဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများသည် ဈေးကွက်၏ အရင်းအမြစ် ဖြစ်ကြောင်း၊ ရှယ်ယာရောင်းချသည့် ကုမ္ပဏီများသည် ဈေးကွက်၏ အခြေခံ အုတ်မြစ် ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများကို စိတ်ရင်းစေတနာဖြင့် ကောင်းမွန်စွာ သဘောထားရမည် ဖြစ်ပြီး ရှယ်ယာ ရောင်းချသည့် ကုမ္ပဏီများ၏ အရည်အသွေးကို တိုးမြှင့်ရမည် ဖြစ်ကြောင်း၊ အစုရှယ်ယာ ကြီးကြပ် ကွပ်ကဲရေး ကော်မရှင်သည် အစုရှယ်ယာ ဈေးကွက်၊ ကတိခံဝန်ချက် လက်မှတ်‌ ဈေးကွက်၊ ကြိုရောင်းကုန်နှင့် ဆင့်ပွားပစ္စည်း ဈေးကွက်များ အပါအဝင် နယ်ပယ်များ၊ ပါဝင်ဆောင်ရွက်သူများနှင့် ကွင်းဆက်များကို ရည်ရွယ်ပြီး ဘက်ပေါင်းစုံ ကနေ စစ်ဆေးကာ ကြီးကြပ်ကွပ်ကဲရေးတွင် တည်ရှိနေသော အားနည်းချက်များကို ဖြည့်ဆည်းရန် အရှိန်မြှင့် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။