လီချန်သည် ယူနန်ကိုယ်စားလှယ်အဖွဲ့၏ စိစစ်ဆွေးနွေးပွဲသို့ တက်ရောက်

(GMT+08:00)2024-03-06 15:48:53  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ယခုလ ၅ ရက်နေ့ ညနေပိုင်းက ယူနန် ကိုယ်စားလှယ်အဖွဲ့သို့ သွားရောက်ပြီး ကိုယ်စားလှယ်များနှင့်အတူ အစိုးရလုပ်ငန်း အစီရင်ခံစာကို စိစစ်ဆွေးနွေးခဲ့ကြပါသည်။

လီချန်က အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် ယူနန်ပြည်နယ်၏ ဖွံ့ဖြိုးရေး အပေါ် မြင့်မားသော မျှော်လင့်ချက်ထားရှိကြောင်း၊ ယူနန်ပြည်နယ်ရေးရာ လုပ်ငန်းများဆိုင်ရာ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ အရေးကြီးလမ်းညွှန်ချက်များကို စေ့စေ့စပ်စပ် ကျင့်သုံးဆောင်ရွက်ပြီး ဆင်းရဲမှုပပျောက်စေရေး ရလဒ်များကို ခိုင်မာစွာ စုစည်းကာ ချဲ့ထွင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။