တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် နှစ်စဉ်ပုံမှန်အစည်းအဝေး

(GMT+08:00)2024-03-05 22:42:58  

ယနေ့ (မတ်လ ၅ ရက်နေ့) မှာ တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် နှစ်စဉ်ပုံမှန်အစည်းအဝေးကို ဘေကျင်းမြို့မှာ ဖွင့်လှစ်ကျင်းပပါတယ်။ ဒါဟာ တရုတ်လူမျိုးတွေရဲ့ နိုင်ငံရေးနဲ့ လူနေမှုဘဝအတွက် အရေးကြီးကိစ္စရပ် ဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်းက ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်ဦးရေ ၃၀၀၀ နီးပါး ဘေကျင်းမြို့မှာ စုဝေးလာကြပြီး နိုင်ငံရဲ့ အရေးကြီး မူဝါဒများနဲ့ လမ်းညွှန်ချက်များကို အတူဆွေးနွေးကြပါတယ်။ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်သုံးဦးရဲ့ လုပ်ငန်းဆောင်ရွက်ပုံ၊ တာဝန်ထမ်းဆောင်ပုံနဲ့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒတွေကို နိုင်ငံရဲ့ရည်မှန်းချက်အဖြစ် ဘယ်လိုပြောင်းလဲပြီး ပြည်သူလူထုကို ဘယ်လိုဝန်ဆောင်မှုပေးသလဲ ဆိုတာတွေကို ကျွန်တော်တို့နဲ့အတူ လေ့လာကြည့်ကြရအောင်။