လီချန်က အစိုးရလုပ်ငန်းအစီရင်ခံစာတွင် ဟောင်ကောင်၊မကာအိုဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ပြောကြား

(GMT+08:00)2024-03-05 15:05:11  

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်က မတ်လ ၅ရက်နေ့ အစိုးရ လုပ်ငန်း အစီရင်ခံစာကို တင်ပြရာတွင် မိမိတို့သည် “နိုင်ငံတစ်နိုင်ငံ စနစ်နှစ်မျိုး”၊ “ဟောင်ကောင်ကို ဟောင်ကောင်သူဟောင်ကောင်သားများ စီမံအုပ်ချုပ်ရေး”၊ “မကာအိုကို မကာအိုသူ မကာအိုသားများ စီမံအုပ်ချုပ်ရေး”နှင့် အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးဟူသော လမ်းညွှန်ချက်များကို ဆက်လက် ဦးလည်မသုန် ဘက်စုံ တိကျမှန်ကန်စွာ စွဲကိုင်ရမည် ဖြစ်ကြောင်း၊ ဥပဒေနှင့် အညီ ဟောင်ကောင်နှင့်မကာအိုကို စီမံအုပ်ချုပ်ရန်  ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ “ဟောင်ကောင်ကို မျိုးချစ်သူများ စီမံအုပ်ချုပ်ရေး”၊ “မကာအိုကို မျိုးချစ်သူများ စီမံအုပ်ချုပ်ရေး”ဟူသောမူကို အကောင်အထည်ဖော်ရမည် ဖြစ်ကြောင်း၊ ဟောင်ကောင်နှင့်မကာအိုအနေနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူများ၏ စားဝတ်နေရေးကို ကောင်းမွန်စေရေး၊ ကိုယ့်အားသာချက်နှင့်ထူးခြားချက်များကို အသုံးပြုပြီး ကွမ်တုံး၊ဟောင်ကောင်၊မကာအို ပင်လယ်ကွေ့ဒေသကြီး ထူထောင်မှုတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ရေး၊ နိုင်ငံတော်၏ဖွံ့ဖြိုးရေး အခြေအနေတွင် ပိုမိုကောင်းမွန်စွာပေါင်းစပ်ရေး၊ ဟောင်ကောင်နှင့်မကာအို၏ စည်ပင်သာယာမှုနှင့်တည်ငြိမ်မှုကို ရေရှည်ထိန်းထားရေးတို့ကို အားပေးထောက်ခံကြောင်း  ပြောကြားခဲ့ပါသည်။

ာမိသားစုကြီးနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး အဆို ပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်နှင့် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အဆိုပြုချက်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ပြီး လူသားများ၏  ဘုံတန်ဖိုးများကို ထွန်းကားလာအောင် ဆောင်ရွက်၍ နိုင်ငံတကာ စီမံခန့်ခွဲရေး စည်းစနစ် ပြုပြင်ပြောင်းလဲရေးကို မြှင့်တင်ကာ လူသားများ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးလိုကြောင်း ပြောကြားခဲ့ပါသည်။