လီချန်သည် အစိုးရလုပ်ငန်းအစီရင်ခံစာတွင် သံတမန်ရေး လုပ်ငန်းအကြောင်း ပြောကြား

(GMT+08:00)2024-03-05 14:57:39  

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် မတ်လ ၅ရက်နေ့မှာ တင်ပြသည့် အစိုးရလုပ်ငန်းအစီရင်ခံစာတွင် လွတ်လပ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်သည့် ငြိမ်းချမ်းသော နိုင်ငံခြားရေးမူဝါဒကို စွဲကိုင်ပြီး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို စွဲစွဲမြဲမြဲ လျှောက်လှမ်းရမည် ဖြစ်ကြောင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသော တံခါးဖွင့်မဟာဗျူဟာကို စွဲကိုင်ကာ တန်းတူညီမျှပြီး စည်းစနစ်ကျသောကမ္ဘာ multipolarizationဖြစ်ရေးနှင့် အတူမျှဝေ ခံစားပြီး သက်ညှာထောက်ထားသော စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းကို တိုက်တွန်းပါကြောင်း၊ အမျိုးအစားသစ် နိုင်ငံတကာဆက်ဆံရေး ထူထောင်ခြင်းကို မြှင့်တင်ပြီး ဗိုလ်ကျ စိုးမိုးရေးကို ဆန့်ကျင်ကာ နိုင်ငံတကာ တရားမျှတမှုကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတကာမိသားစုကြီးနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး အဆို ပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်နှင့် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အဆိုပြုချက်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ပြီး လူသားများ၏  ဘုံတန်ဖိုးများကို ထွန်းကားလာအောင် ဆောင်ရွက်၍ နိုင်ငံတကာ စီမံခန့်ခွဲရေး စည်းစနစ် ပြုပြင်ပြောင်းလဲရေးကို မြှင့်တင်ကာ လူသားများ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးလိုကြောင်း ပြောကြားခဲ့ပါသည်။