အစိုးရလုပ်ငန်းအစီရင်ခံစာ၊ ယခုနှစ် ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိက ရည်မှန်းချက်မှာ GDP တိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်းခန့် ဖြစ်

(GMT+08:00)2024-03-05 11:33:35  

၁၄ ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယ အကြိမ် အစည်းအဝေးကို ၅ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ခန်းမဆောင်ကြီး၌ စတင်ကျင်းပခဲ့ရာ သမ္မတရှီကျင့်ဖိန် အပါအဝင် ပါတီနှင့်နိုင်ငံတော် ခေါင်းဆောင်များ တက်ရောက်ပြီး နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီချန်သည် အစိုးရ လုပ်ငန်း အစီရင်ခံစာကို တင်ပြပါသည်။

အစိုးရလုပ်ငန်းအစီရင်ခံစာတွင် ယခုနှစ် ဖွံ့ဖြိုးတိုးတက်ရေး အဓိက ရည်မှန်းချက်မှာ GDP တိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်းခန့် ရှိရန် ၊ မြို့ပြ အလုပ်အကိုင်နေရာသစ် ၁၂ သန်းကျော်တိုးလာပြီး မြို့ပြ အလုပ်လက်မဲ့နှုန်း ၅.၅ ရာခိုင်နှုန်းခန့် ရှိရန်၊စားသုံးမှု ဈေးနူန်းမှာ ၃ ရာခိုင်နှုန်း တိုးလာပြီး ပြည်သူများ၏ ၀င်ငွေတိုးများလာမှု နှင့် စီးပွားရေး တိုးတက်မှု ပြိုင်တူတိုးတက်ရန်၊ နိုင်ငံတကာ ဆိုင်ရာ ဝင်ငွေနှင့် သုံးငွေ အခြေခံအားဖြင့် ညီမျှရန်၊ စားနပ်ရိက္ခာထွက်မှုပမာဏမှာ ကီလိုဂရမ် ၆၅၀ ဘီလီယံ ကျော် ရှိရန်၊ GDP ၏ တစ်ယူနစ်လျှင် စွမ်းအင်သုံးစွဲမှုပမာဏ ၂.၅ ရာခိုင်နှုန်း ခန့် လျော့ကျသွားကာ ဂေဟစနစ် ပတ်ဝန်းကျင် အရည်အသွေး ဆက်လက် ကောင်းမွန်လာရန် ရည်မှန်းထားကြောင်း ဖော်ပြထားသည်။