မဲခေါင်မြစ်ဝှမ်းရှိ ငါးမျိုးစိတ်များ၏ ၅ပုံ၁ပုံ သည် မျိုးသုဉ်းရန် အန္တရာယ်ရှိ

(GMT+08:00)2024-03-05 15:08:08  

မဲခေါင်မြစ်သည် ကမ္ဘာပေါ်တွင် ဇီဝမျိုးစုံမျိုးကွဲအများဆုံးရှိသည့် မြစ်များထဲမှ တစ်ခုဖြစ်ပြီး အသိအမှတ်ပြုထားသော ငါးမျိုးစိတ်ပေါင်း ၁၁၄၈ ခန့် ရှိကာ သန်းနှင့်ချီသောလူများသည် ဝင်ငွေအရင်းအမြစ်အတွက် မဲခေါင်မြစ်ကို မှီခိုအားထားကြကြောင်း ပြင်သစ်နိုင်ငံ AFP သတင်း ဌာနမှ ဖော်ပြခဲ့ပါသည်။

ယခုနှစ်များတွင် မဲခေါင်မြစ်သည် ဆည်တည်ဆောက်မှု၊ သဲတူးဖော်မှု၊ တရားမဝင် ငါးဖမ်းမှုနှင့် အပြင်မှ မျိုးစိတ်များ ဝင်ရောက်မှု အပါအဝင် အကြောင်းရင်း အမျိုးမျိုး ကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း သုတေသီ များက တွေ့ရှိခဲ့ပါသည်။ ကမ္ဘာ့သဘာဝ ထိန်းသိမ်းကာကွယ်ရေးမဟာမိတ်အဖွဲ့မှ မျိုးသုဉ်း လုနီးပါး မျိုးစိတ်များစာရင်းတွင် မဲခေါင်မြစ်မှ ငါးမျိုးစိတ် ၇၄ မျိုး မျိုးသုဉ်းရန် အန္တရာယ် ရှိကြောင်း ဖော်ပြထားပါသည်။