အစိုးရလုပ်ငန်းအစီရင်ခံစာ၊ စီးပွားရေးသည် ယေဘုယျအားဖြင့် နာလန်ပြန်ထူလာပြီး တိုးတက်ကောင်းမွန်လာကာ ၂၀၂၃ ခုနှစ်တွင် GDP မှာ ယွမ် ၁၂၆ ထရီလီယံ ကျော်ရှိ

(GMT+08:00)2024-03-05 11:32:55  

၁၄ ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယ အကြိမ် အစည်းအဝေးကို ၅ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ခန်းမဆောင်ကြီး၌ စတင်ကျင်းပခဲ့ရာ သမ္မတရှီကျင့်ဖိန် အပါအဝင် ပါတီနှင့်နိုင်ငံတော် ခေါင်းဆောင်များ တက်ရောက်ပြီး နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီချန်သည် အစိုးရ လုပ်ငန်း အစီရင်ခံစာကို တင်ပြပါသည်။

အစိုးရလုပ်ငန်းအစီရင်ခံစာတွင် စီးပွားရေးသည် ယေဘုယျအားဖြင့် နာလန်ပြန်ထူလာပြီး တိုးတက်ကောင်းမွန်လာကြောင်း၊ GDP ပမာဏမှာ ယွမ် ၁၂၆ ထရီလီယံ ကျော်ရှိပြီး ၅.၂ ရာခိုင်နှုန်း တိုးတက်လာကာ တိုးတက်မှုနှုန်းသည် ကမ္ဘာ့ အဓိက စီးပွားရေးအုပ်စုများ၏ ရှေ့ပြေးနေရာတွင် ရှိကြောင်း ဖော်ပြထားသည်။