ဖိလစ်ပိုင်သင်္ဘောများ Ren'ai Reef သို့ တရားမဝင် ဝင်ရောက်ကျူးကျော်မှုနှင့် ပတ်သက်ပြီး China Coast Guard မှ ပြောရေးဆိုခွင့်ရှိသူ၏ ပြောဆိုချက်

(GMT+08:00)2024-03-05 16:36:50  

တရုတ်ပင်လယ်ကမ်းခြေစောင့်ရဲဌာန(China Coast Guard)မှ ပြောရေးဆိုခွင့်ရှိသူ Gan Yu က မတ်လ ၅ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံသည် ကတိပြုချက်ကို ချိုးဖောက်ပြီး ပင်လယ်ကမ်းခြေစောင့် ရဲသင်္ဘောနှစ်စင်းနှင့် ထောက်ပံ့ရေးသင်္ဘောနှစ်စင်းကို တရုတ်နိုင်ငံ နန်ဆားကျွန်းစု Ren'ai Reef နှင့်အနီးတစ်ဝိုက်ပင်လယ်ရပ်ဝန်းသို့ တမင်သက်သက် စေလွှတ်ပြီး တရားမဝင် “သောင်တင်”နေသော စစ်သင်္ဘောသို့ ထောက်ပံ့ရေးပစ္စည်းများကို သယ်ယူပို့ဆောင်ခဲ့ကြကြောင်း၊ တရုတ်ပင်လယ်ကမ်းခြေစောင့် ရဲတပ်ဖွဲ့သည် ဥပဒေအရ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခဲ့ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုကြောင့် မရှိမဖြစ် လိုအပ်သော နေ့စဉ်သုံးပစ္စည်းများကို သယ်ယူပို့ဆောင်သော ဖိလစ်ပိုင်သင်္ဘောတစ်စင်း အတွက် ယာယီအထူးအစီအစဉ်များကို ပြုလုပ်ခဲ့ကြောင်း၊ ၄င်းကိုင်တွယ်ဖြေရှင်းမှုသည် တရားမျှတပြီး ပရော်ဖက်ရှင်နယ်ဖြစ်ကာ စံချိန်စံနှုန်းနှင့် ကိုက်ညီကြောင်း၊ ထိုသို့ ကိုင်တွယ်ဖြေရှင်းရာတွင် ဖိလစ်ပိုင်ပင်လယ်ကမ်းခြေစောင့် ရဲသင်္ဘော အမှတ်၄၄၀၇သည် တရုတ်နိုင်ငံ၏ ထပ်ခါတလဲလဲ သတိပေးချက်များကို လျစ်လျူရှုပြီး “နိုင်ငံတကာ ပင်လယ်ပြင်တွင် တိုက်မိခြင်း ရှောင်ရှားရေးစည်းမျဉ်းဥပဒေ”ကို ချိုးဖောက်ကာ အန္တရာယ်ရှိသော နည်းလမ်းဖြင့် တရုတ်ပင်လယ်ကမ်းခြေစောင့် ရဲသင်္ဘော အမှတ် ၂၁၅၅၅ကို တမင်သက်သက် တိုက်မိခဲ့ရာ အနည်းငယ်ခြစ်ရာများ ဖြစ်ပေါ်စေခဲ့သဖြင့် ဤကိစ္စအပေါ် ဖိလစ်ပိုင်နိုင်ငံသည် လုံးဝတာဝန်ယူရမည် ဖြစ်ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် တောင်ပင်လယ်ဒေသ၏ ငြိမ်းချမ်းတည်ငြိမ်ရေးကို အနှောင့်အယှက်ပေးလျက်ရှိကြောင်း၊ တရုတ်ပင်လယ်ကမ်းခြေစောင့်ရဲတပ်ဖွဲ့သည် မည်သည့်ကျူးကျော်ထိပါးမှုနှင့် ရန်စမှုများကို မဆို အချိန်မရွေး တုံ့ပြန်ရန်၊ နိုင်ငံတော်၏ ပိုင်နက်နယ်မြေ အချုပ်အခြာအာဏာနှင့် အဏ္ဏဝါ အခွင့်အရေးများကို ကာကွယ်ထိန်းသိမ်းရန် အမြဲတမ်း အသင့်ရှိနေကြောင်း ပြောကြားခဲ့ပါသည်။