ဂျပန်၏ ဖူကူရှီးမား နျူကလီးယား ညစ်ညမ်းရေများ ပင်လယ်ထဲသို့ စွန့်ထုတ်မှု ဆိုင်ရာ နိုင်ငံတကာ ကြီးကြပ်မှုများ အားကောင်းစေရန် တရုတ် တိုက်တွန်း

(GMT+08:00)2024-03-05 15:06:44  

နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ ကောင်စီ၏ မတ်လ အစည်းအဝေးကို ၄ ရက်နေ့က ဗီယင်နာမြို့ရှိ အပြည်ပြည်ဆိုင်ရာစင်တာတွင် ကျင်းပခဲ့ပါသည်။ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီဆိုင်ရာ တရုတ်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး လီစွန်း က ဂျပန်နိုင်ငံ၏ ဖူကူရှီးမား နျူကလီးယား ညစ်ညမ်းရေများ ပင်လယ်ထဲသို့ စွန့်ထုတ်ရေး ကိစ္စများနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ သဘောထား ရပ်တည်ချက်များကို ရှင်းလင်း ဖော်ပြပြီး နိုင်ငံတကာ ကြီးကြပ်မှု အားကောင်းစေရန် တရုတ်ပြည်က တိုက်တွန်းကြောင်းလည်း အလေးထား ပြောကြားခဲ့ပါသည်။